Sunday, April 29, 2012

အထက်တန်းစား

စိတ်အမျိုးမျိုးကို ပြောင်းလဲနေတာ
ဒုက္ခအမျိုးမျိုး ကို ဖိတ်ခေါ်နေသလိုပါပဲ........။
လူတစ်ယောက်အပေါ်ယံလွှာ
ရှုမြင်နေတာထက်
အတွင်းကျကျစုံစမ်းသင့်တယ်.......။

ချစ်ပါတယ် သစ္စာရှိပါတယ် ဆိုတဲ့ မိန်းမတွေ

ချစ်ပါတယ် သစ္စာရှိပါတယ်
လို့ ပါးစပ်က တတွတ်တွတ် ပြောခဲ့တဲ့
မိန်းမတွေ မချစ်တော့ သစ္စာမရှိတော့ တဲ့
အချိန်မှာ လောကကြီးက
ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား.......။

လက်တွဲညီညာ

မေတ္တာတိမ်းပါလို့
စိမ်းကားစွာလမ်းခွဲခဲ့ကြပြီဆိုမှဖြင့်
ဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့
အသစ်ဆက်ပေါ်လာ တော့မှာပေါ့။
"အခုတော့လည်း
သူစမ်းတွေလိုပါပဲလား"
ဆိုတဲ့စကားက
ကျက်သရေအပေါင်းခညောင်းနေတဲ့
မင်္ဂလာစကားမှ မဟုတ်တာကွာ။

အချစ်နော်

ခရေလို မပေပင်မဲ့
ပိတောက်လို မဟောက်ပါနဲ့ဗျာ
မြင်းခွာရွက်လို မတင်းမခွာရက်ပဲ
သြဇာသီးလို ခင်ဗျားဟာ ကြီးကို
စံပါယ်လို မပါယ်ပါဘူးဗျာ..။
                  
                                       မှတ်ချက်။    ။ အချစ်နော်

နားလည်ပါ

ပန်းတွေ့ရင် လိုချင်
ခဏကြာ ခြွေပစ်တဲ့ အမျိုးအစားမှာ
တို့မပါဘူး
နားလည်ပါချစ်သူရယ်
နားမလည်ရင် ပါးလည်အောင်သာ ရိုက်လိုက်ပါ.......။

Saturday, April 28, 2012

ပန်း

ကောင်မလေး
မင်းရဲ့စိတ်အလှတရားကို
အရောင်ဘဲရှိပြီး
ရနံ့မရှိတဲ့
စက္ကူပန်းလို မထားဘဲ
မင်းရဲ့စိတ်အလှတရားကို
အရောင်ရှိပြီး
ရနံ့လည်းရှိတဲ့
စံပယ်ပန်းလေးလိုထားပါကွာ....။

အနှိုင်းမဲ့

ချစ်တယ် မင်းလေးကိုပေါ့
လှပတဲ့ မျက်းဝန်းလေးတွေနဲ့
ကဗျာဆန်တဲ့ အပြုံးအောင်မှာ
ကိုယ့်နှလုံးသားတော့ ဘုံးဘုံးလဲကျခဲ့ရပြီ
မင်းအကြည့်နဲ့ တစ်ချက်ဆုံရင်
ကိုယ်ရဲ့အသက်တွေဟာ ရပ်တန့်လို့နေတယ်
အကြည့်ချင်းဆုံလို့ မင်းပြုံးအပြမှာ
ကိုယ်ဟာ နိဗာန်ဘုံများ ရောက်နေသလားထင်မိတယ်
ရင်ထဲမှာရှိတာက အာဒံ လိုအချစ်မျိုးနဲ့ပါ
ဧ၀လို မင်းပြန်ချစ်ရင် ကိုယ့်ရင်ခွင်ဟာ
အနှိုင်းမဲ့ ပျော်စရာ ကမ္ဘာဖြစ်သွားပြီပေါ့..........။

အပြုံးမျက်နှာ

ရှေးရေစက်ကြီးလွန်းလို့
တွေ့ခွင့်ဆုံခွင့်ချစ်ခင်ခွင့်
ရခဲ့ကြတယ်မဟုတ်လား....
ဘာလို့များ တစ်ယောက်ပေါ်တစ်ယောက်
ခွင့်မလွှတ်နိုင်လောက်အောင်
စိတ်ဆိုးငြိုးတေးနေရတာလဲ
နာကျင်မှုကုဋ္ဌေကုဋ္ဌာနဲ့
ဝမ်းနည်းစွာလမ်းခွဲခဲ့ကြမှတော့
သံသရာတစ်ကွေ့ ပြန်လာတဲ့အခါ
ဘယ်လိုအပြုံး ဘယ်လိုမျက်နှာလုံးတွေနဲ့
နှုတ်ဆက်ဖက်ပွေ့ ကြမလဲကွယ်......။

ရဲရဲပြုံး

ကိုယ်တန်ဖိုးထားတဲ့ အလုပ်တစ်ခုခုကို
စိတ်ဝင်စားမှု အပြည့်အ၀နဲ့
စွဲစွဲ မြဲမြဲ လုပ်နေခဲ့ရင်
အသိဥာဏ်တွေရင့်ကျက်လာမှာပေါ့။
နှလုံးသားတွေ မာကျောနေမှတော့
ဘာသဘောနဲ့ ဘယ်သူ့ကို စွန့်စွန့်
တွန့်လွန့်မနေတော့ပါဘူး.....။
နှုတ်ဆက်ပြုံးပြရုံပေါ့ကွာ.....

ဆုံဆည်းခွဲခွါ

မြစ်ထဲကဗေဒါတွေဟာ
လေကြောင့်ဘဲ ပေါင်းဆုံကြသလို
လေကြာင့်ဘဲ ကွဲသွားကြတယ်
သံသရာမြစ်ပြင်က
လူသားတွေဟာလည်း
ကံကြောင့်ဘဲ ဆုံးစည်းခွင့်ရကြသလို
ကံကြောင့်ဘဲ ခွဲခွါကြရပြန်တယ်....။
ကံကြုံရင် ပြန်ဆုံကြဦးမှာပါ။
လမ်းခွဲမှာ ၀မ်းနည်းစရာမလိုပါဘူး....။

ဒွန်တွဲနိယာမ

ဝမ်းနည်းမှုရဲ့တစ်ဖက်မှာ
ပျော်ရွှင်မှုဆိုတာရှိတယ်.....။
ကျရှုံးခြင်းရဲ့တစ်ဖက်မှာ
အောင်မြင်မှုဆိုတာရှိတယ်.....။
အမှားရဲ့တစ်ဖက်မှာ
အမှန်ရှိတယ်.....။
အမှောင်ရဲ့တစ်ဖက်မှာ
အလင်းဆိုတာရှိတယ်.......။
သူငယ်ချင်း
လောကကြီးမှာ အမြဲတမ်း
အနိုင်မရနိုင်ပါဘူး။
ရှုံးနိမ့်လို့လဲ ၀မ်းမနည်းပါနဲ့
အောင်မြင်အောင်ပြန်ကြိုးစားပါ။

Friday, April 27, 2012

ကြွေပန်းလေးများ

           ပန်းလေးတွေရဲ့အလှက   မကြွေခင်တန်ဖိုးမြင့်တယ်

          မညိုးနွမ်းခင်ခဏတာဟာ    ကြွေလွင့်ပန်း၇ဲ့တန်ဖိုးပါ.....

          အိုမင်းနေတဲ့  သစ်ပင်ရွက်ဝါဟောင်းတွေကို

         လူတွေအကြိုးအတွက်    အသုံးပြုခဲ့မယ်ဆို၇င်

          ရှင်သန်ခဲ့သောသစ်ပင်ဘ၀က   ၀မ်းနည်းစရာတွေ

         လွမ်းဆွတ်စရာတွေ နဲ့    ကွယ်ပြောက်ရုံကလွဲပြီး  မေ့သွားမှာပါ.....

         စာဖွဲ့လို့ပင်နှိုင်းမရနိုင်တဲ့   တို့ဗိုလ်ချုပ်မကျရှုံးခဲ့ရင်   အာဇာနည်နေ့ဆိုတာမပေါ်က်ခဲ့ပါဘူး

          သမိုင်းကြောင်းမှာအမဲစက်    မကျန်အောင်အားလုံးသောသူငယ်ချင်းတွေ

          ဗိုလ်ချုပ်လို  ကြိုးစားပါ.....

သာကီဝင်မျိုးနွယ်များ

ဒို့ ဗုဒ္ဒဘာသာသနာတော်မြတ်ကြီးကို ဒီနိုင်ငံမှာ
ထာဝရတည်တံ့ဖို့ မြန်မာလူမျိုးတွေက စောက်ရှာက်
ကာကွယ်နေကြသည်။
ဒို့ ဗုဒ္ဒဘာသာ မြန်မာလူမျိုးတွေကို ရေရှည်တည်
တံ့ပြန့်ပွားအောင် မြန်မာတမျိုးသားလုံး စောက်ရှောက်ရမယ်။
မြန်မာလူမျိုးတွေ ပျောက်ကွယ်သွားတာနဲ့ တို့ဗုဒ္ဒသာသနာ
တော်မြတ်ကြီးလည်း အလိုလိုပျောက်ကွယ်သွားမှာပဲ။
"မြေမျိုလို့ လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မယ်"
အနာဂတ် မြန်မာ့သားကောင်းသမီးလေး ရတနာလေးများကို
လည်းဘာသာရေးတံဆိပ် ခတ်နှိပ်လို့ပေးပါ။
လူမျိုးခြားဘာသာခြားဆိုရင် အရောမ၀င်မိကြဖို့
မြန်မာအမျိုးသမီးငယ်တစ်ဦးလူမျိုးခြားနှင့်
အိမ်ထောင်ပြူစဉ် လူမျိုးခြားရဲ့လက်ဆေးရေ
ခြေဆေးရေ ကိုသောက် မျက်နှာကိုနှင့်ကိုယ်လုံးကိုလိမ်းရသည်။
နောက်မိမိ၏မွေးဖွားလာတဲ့ ကပြား
ကပြားက သားအဖြစ်သို့
တိုးတက်များပြားနေပါပြီ။
{ဆရာတော်ကြီးတစ်ပါး ဦးထိပ်ထားပန်၏}
အမျိုး. ဘာသာ . သာသနာ ကိုချစ်ခင်မြတ်နိုးပါ။

သင်ခန်းစား

အိုသစ်ပင်ကြီး
ရွက်ရော်ရွက်ဟောင်းလေးတွေကြွေနေပြီကို
ရွက်နုကလေးတွေနဲ့
သစ်ပင်ကြီးစိမ်းလန်းစိုပြေအောင်
ကြိုးစားနေသည်ကို မည်သူမှ
သတိထားမိမှာမဟုတ်
အိုသစ်ပင်ကြီး
သင့်ရဲ့ခံစားချက်ကို ကျွန်ုပ်သတိပြုမိတယ်
သင့်ရဲ့ ရွက်နုကလေးတွေကလည်း
တစ်နေ့သင့်ကို စွန့်ခွါသွားမှာပါ
သင့်ရဲ့ မာန်မာနအလှတရားတွေကလဲ
အမြဲမရှိနိုင်ပါဘူး.........။

ဖြစ်ပျက်

မာနကြီးသူ လေစိမ်းတွေ
တိုက်ခတ်နေပြီကို
ပြောင်းလဲမြန်ဆန်တဲ့
မင်းရဲ့စိတ်ကို ငါမေ့မှာမဟုတ်ဘူး
မာနကြီးသူ ငါ့ရဲ့မြတ်နိုးတွယ်တာမှု
ကိုသာယုံကြည်ပေးပါ။
မင်းရဲ့ပြောင်းလဲနေတဲ့စိတ်ကို 
ဒုက္ခပေးတဲ့လူ မပေါ်ပါစေနဲ့
မင်းရဲ့အိနြေ္ဒကို လေးစားပါတယ်
မင်း (......) အလှတရားဟာ
အမြဲမရှိနိုင်ပါဘူး..........။

ကြေကွဲ ဆိုက်ပရက်(ခ်)

ကမ္ဘာဦးအစပေါ့
နတ်သမီးလေးတစ်ပါးကို
နှလုံးသားမျက်စိနဲ့ ကြည့်ခွင့်သာခဲ့ပါတယ်
နတ်သမီးလေးအလှနဲ့ ကျွန်တော့အချစ်က
နောက်ဆုံးမှာ
ရိုမီယိုနဲ့ ဂျုလီးယက်ရဲ့ အချစ်ဇာတ်လမ်း
ပေါင်းများစွာနဲ့ ထပ်တူညီခဲ့ပါတယ်
ဒါပင်မဲ့ သူတို့တွေက သရုပ်ဆောင်ဆိုတော့
ခံစားမိတယ်မထင်ဘူး
ကျွန်တော်ကိုယ်တိုင်ဖောက်ထားတဲ့
အချစ် ဆိုက်ပရက်(ခ်) လမ်းဟာ
ခုတော့ခါးသီးစွာနဲ့ဘဲ လျှောက်လှမ်းလိုက်ရပါပြီ.....။

မေတ္တာပန်း

မြင်တွေ့နေရလို့
ရင်ထဲမှာ တထိတ်ထိတ်ခုန်နေပင်မဲ့........
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို
မင်းနားစွန်းလေးကြားရအောင်
ဖွင့်ဟမပြောရပင်မဲ့
ချစ်သမျှကို မင်းအတွက်ကိုယ်..........
ပေးဆပ်ပြီးသားပါ။
လှပတဲ့ မျက်နှာပေါ်က အေးမြတဲ့အပြုံး
တောက်ပတဲ့ မျက်ဝန်းတစ်ခုနဲ့
ကိုယ့်ရဲ့ငြိမ်သက်နေတဲ့ အသည်းရေပြင်ကို
လှုပ်နှိုးခဲ့ပြီးမှ........
အရုပ်ဆိုး အကျီးတန်စေမဲ့......
စကားကို မဆိုဘဲ..
အချစ်ဆိုတဲ့
မေတ္တာပန်းလေးစိုက်ပေးပါကွာ......

အမုန်းကျိမ်စာ

အချစ်ကိုမမြင် မင်းရင်ခွင်မှာ.....
ကျိမ်စာဆိုတဲ့ အမုန်းဟာ
အပြုံးစကားဆို ပြောဖို့ဝေးခဲ့တဲ့
နှင့်နှလုံးသားကို
ချစ်သစ္စာဆိုကာ ငါအနိုင်ယူမယ်
ငါ့အချစ်စစ်ရင် နင်ငါ့ကိုပြန်ချစ်ပါစေ
တစ်ချိန်ကသစ္စာ သံသရာ တဖက်စောင်းမှာ
နှစ်ပေါင်းမှာကြာ နင်ပြောလာတာက
ငါပေါ်ထားတဲ့စိတ် ငါရင်မှာ မှေးအိပ်ဖို့
နင်စိတ်ညွက်ပြီပေါ့ လျော့တွက်မရတဲ့သစ္စာ....
သြော် သစ္စာ သစ္စာ
ချစ်သစ္စာပါ။

မင်းတစ်ယောက်ထဲ

မချစ် ဘူးလို့
အချစ် ဦးကို
အချစ် ရူးလို့
မင်းလေး ထင်လဲ
ငါဟာ ရှေ့တိုး
ပိုးဖလန်မျိုး
ချစ်မြဲ ချစ်မယ်
မင်းတစ်ယောက်ထဲ

မိဘအိမ်

မင်းရဲ့စိတ်ဖိစီး မှုဝေဒနာတွေကို
ပျောက်ကွယ်သွားစေနိုင်တာ.....
မိဘအိမ်ကလေးပါ.....
မင်းရဲ့ကြုံတွေ့နေရတဲ့အရာတွေကို
ဖြေရှင်းပေးပြီး
အကြင်နာတွေ..... ပျော်ရွှင်မှုတွေကိုလည်း
ပေးနိုင်ပါသေးတယ်.....
ဒါပင်မယ့်.....
သူငယ်ချင်း
မင်းဟာတစ်နေ့ကျရင် ပျော်ရွှင်စရာကောင်းတဲ့
မိဘအိမ်ကလေးကနေ
ထွက်ခွါရမှာပါပဲ..... အဲ့ဒိအချိန်ကျရင်
လောကဓံရဲ့ မုန်တိုင်းတွေဟာ
မင်းကိုဆီးကြိုနေလိမ့်မယ်.....
ဒါပင်မဲ့ သူငယ်ချင်း
အဲ့ဒီမုန်တိုင်းတွေကို
ဖြတ်ကျော်ပြီး.....
နွေးထွေးတဲ့အိမ်ကလေးတစ်အိမ်ကို.....
မင်းကိုယ်တိုင်တည်ဆောက်နိုင်ပါစေ.....

အချစ်

ခဏတာလေး*****
မင်းကိုတွေ့လိုက်*****
တဒိန်းဒိန်းခုန်*****
တလှပ်လှပ်တုန်*****
တို့ရင်ခုန်မိ*****
မင်းကမသိ*****
ရင်ခုန်မိတာ*****
အချစ်များလား?
ဝန်ခံပါတယ်*****
ချစ်မိသွားပြီး*****
မောင့်ဧကရီ*****

ကြုံကွဲတွေ့လောကဘုံ

တွေ့ဆုံမှုရဲ့ နောက်မှာ
ခွဲခွာမှုဆိုတာ မရှိရင်.....
ခံစားချက်တွေ မှိုတက်ကုန်မှာပေါ့
တွေဆုံမှုရဲ့ နောက်မှာ.....
ခွဲခွာခြင်းဆိုတာရှိပြီးသားပါ.....
ခွဲခွာခြင်းကို ကြောက်ရွံ့မနေပါနဲ့.....
သံသရာရှိနေသမျှ တစ်ချိန်တော့ တွေ့ကြရမှာပါ.....

ထာဝရ

တစ်သက် တစ်ခါ
တစ်ရွက် တစ်လွှာ
တစ်ခက် တစ်ပွင့်
ရွှေအဆင်းမို့
ပွင့်လို့ဘဲ ကြွေကြွေ
ရင်လို့ဘဲ ၀ါဝါ
ဖွဖွခလေး ကောက်ယူလို့
ပန်းခြောက် လေးဘဲ
မြတ်နိုးမယ်.....
မင်းရဲ့နှလု့းသားကို အိပ်ပျော်အောင်အိပ်
မယာတွေနဲ့ မသိဟန်ဆောင်နဲ့
ယဉ်ပါးတဲ့မင်းရဲ့ အပြုံးတွေနဲ့
ချိုသာတဲ့ စကားလုံးတွေကြောင့်
ကိုယ်လည်း နှစ်ခြိုက်စွာ
အိပ်မောကျခဲ့ပါပြီ
အိမ်မက်ထဲက ချစ်သူရယ်.....

ချစ်သူ

ကျွန်တော့ကို တွေ့ခွင့်ပေးခဲ့မယ်ဆိုရင်
မိုးကောင်းကင်တောင် ပြေးတွေ့ချင်တယ်
ကျွန်တော့ကို ဖိတ်ခေါ်တယ်ဆိုရင်
တောင်ပေါ်မြေအထိ အရောက်လှမ်းချင်တယ်
ကျွန်တော့ကို တွေ့ခွင့်တွေပေး ခွန်အားတွေပေးရင်
ပင်လယ်ပြင်တောင် လက်ပြစ်ကူးပရစေ
လမင်းလိုညအခါ စိုးမိုးနိုင်လွန်းတဲ့ချစ်သူ
ကျွန်တော့ရဲ့ အချစ်တွေကို နေမင်းလို
မင်းဆီနားမှာဘဲ ခိုနားပရစေ ချစ်သူ........
ပန်းကမ္ဘာလို အလှမ်းမကွာပရစေနဲ့
ပန်းကမ္ဘာထဲမှာဘဲ လှမ်းသာမြဲနေဆဲ
မတ်လ 11 ရက်လို ဖတ်ဖို့ ခဏထွက်ခဲ့
ချိန်းခဲ့ရင် ပြေးခဲ့ဖို့ အမေမှာခဲ့တယ်
ခဏခဏတွေ့ဖို့ တောင်းတောင့်ရတယ်
သူလာမယ်ဆိုလည်း စောင့်နေပါ့မယ်
သူပြန်မယ်ဆိုလည်း ငေးနေပါမယ်
ကျွန်တော့ရဲ့ ကိုယ်ပိုင် ကတင်းပေါက်ကနေ
မီးပျက်တဲ့ညတွေမှာဆို တစ်ရာတန်ဖယောင်းတိုင်လေးနဲ့
အလွမ်းကတင်းပေါက်ကနေ လှမ်းအတင်းချောင်းလိုက်တော့
မူယာကျော့ရှင်း ခြောက်ပစ်ကင်းတဲ့
ဒေ၀ီနတ်သမီး မိုးပွင့်လေးကို
တွေ့ခဲ့မိပြီ...... ။ (ချစ်ခဲ့မိပြီ)

ရင်နစ်အလွမ်း

တစ်ယောက်နဲ့ တစ်ယောက်
အနားမှာရှိတုန်း
ဘယ်လောက်ချစ်လဲလို့မေးရင်
ရင်နစ်အောင်ချစ်တယ်....
တကယ်လို့များ
တစ်ယောက်နဲ့တစ်ယောက်
ဝေးသွားကြရင်
ရင်နစ်အောင် လွမ်းတယ်လို့
ပြောမှာပါ ကောင်မလေးရယ်....
ကဗျာတစ်ပုဒ် စာတစ်အုပ်
သီကုံးဖွဲ့ကာ ရေးလိုက်သည်
မင်းတွက်မနက်ဖြန် မိုးကောင်းကင်
လင်းနေတော့မည်
မင်းတွက်သီကုံး စကားလုံး
ကုဋ္ဌေကုဋ္ဌာ များပြားသည်
ဥတုရာသီ အလှဆင်
သီကုံးဖွဲ့ကာ ရေးလိုက်သည်

အဖြူရောင် သစ္စာ


ငါ့အချစ်တွေကို ဒီကမ္ဘာမြေကြီးကို တိုင်တည်ပြီး သစ္စာဆိုမယ်....
 ငါ့အချစ်တွေက ရေ၊ မြေ၊ နေ၊ လ လိုထာဝစဉ် ရှိနေမယ်........
 အဖြူရောင် အချစ်များ ထာဝရ အမြဲ တည်ပါစေ....
အဖြူရောင် ကမ္ဘာကြီးထဲ တို့အသဲထဲမှာ အမြဲတမ်းရှိနေမှာပါ......
ဘယ်အချိန် ဘယ်နားမှာနေနေ ငါတို့တွေ အတူတူရှိနေမှာပါ....
မည်သူမဆို င့ါရဲ့ အသက်ကိုဘဲယူယူ ဘ၀ကိုဘဲယူယူ အမြဲကြည်ဖြူမှာပါ........
အဖြူရောင် ကမ္ဘာထဲ ငါတို့အချစ်တွေ ထာဝစဉ် တည်ပါစေ......
တူညီခိုင်မြဲတဲ့ ငါတို့လက်တွေဟာ အလွယ်နည်းနဲ့ မခွဲနိုင်ဘူးလေ......
ဘယ် ရေ၊ တောင်၊ မီးတွေဟာ မခွဲမခွါ ဘယ်အခါ အမြဲအတူတူရှိနေတယ်.......
ရေ၊ မြေ၊ နေ ၊လ တွေ ကွယ်ရင်ကွယ်ပါစေ ငါတို့အတူတူရှိနေမှာပါ.....
အဖြူရောင် သစ္စာ တည်ပါစေသတည်း

Thursday, April 26, 2012

ချစ်သူ


မာန်ဟုန်ပြင်းတဲ့ ထစ်ချုန်းမိုး
ရင်ခွင်ကိုရစ်နှောင်ထားဆဲ နှင်းမှုန်ပွင့်
ကဗျာဆန်ဆန်လေး နှင်းဆီဖြူ
ချစ်စရာကောင်းတဲ့ မင်းရဲ့ဟန်
မူယာကျော့ရှင်း ဖြူနှင်းဆီ (သို့) မိုးပွင့်ဖြူဟန်
ကိုချစ်နေလျက်ပါ
ချစ်လို့ မုန်းတက်လာပြီ................